VERSE 1
ကန္တာရရဲ့ ဒုက္ခလမ်းမှာ ခိုလှုံရာ
သင်၏ ယာဘက်၌ အရိပ်တစ်ခုလို တည်ရှိ
နေရောင်အလင်းတန်း လရဲ့အလင်းရောင်လို
အချိန်တိုင်း ဖြာဆင်း မိုးကာသည်
VERSE 2
ဆာလောင်မွတ်သိပ် သင့်ရဲ့ဝိညာဉ် မှီတွယ်ရာ
ငိုက်မည်းအိပ်မောကျ မေ့လျော့သည် မရှိ
ခြေချော်လဲပြီး အထိအခိုက်မရှိစေရ
တံခါးဝမှာ အစဉ်အမြဲ စောင့်ရှောက်လို့နေသည်
VERSE 2
တောင်စွယ်ပေါ်ကို လှမ်းကြည့်လိုက်ပါ
ရောင်နီဝေဖြာ ထွန်းလင်းလို့လာ
ဘုန်းကြီးသောအရှင် အနှိုင်းမဲ့မေတ္တာရှင်
မစခြင်းအကြောင်း ထွက်ပေါ်လာ