တေးရေး-
VERSE 1
နေ့ရက်တွေကို ဖြတ်သန်းရင်းနဲ့ ဘဝတွေရင့်ရော်ခဲ့
ဝိညာဉ်လူမှာ ရှင်သန်ကာ ထူးခြားမှုရှိလား
အမြင်တွေ ဝိုးတဝါးမှ အလင်းရဲ့သဘောနဲ့ လူသစ်ဖြစ်ခဲ့ရင်
လောကကမ္ဘာမြေမှာပင် နိုင်ငံဝင်စေမယ်
VERSE 2
ရှေ့ဆက်ခရီးလမ်း မုန်တိုင်းကြမ်းလည်း ဖြတ်လျှောက်သွားနိုင်မယ်
ဝိညာဉ်တော်သည် အမြဲတမ်း ကူညီလမ်းပြပေးလိမ့်မယ်
အရာရာတိုင်း ကိုယ်တော်ဘုရားကျေးဇူး အစဉ်မြဲ အောက်မေ့ရင်
သင့်အသက်တာအမှန် ဘဝအဓိပ္ပါယ်ပဲ
CHORUS
နေကွယ်ချိန် လူတိုင်း ကြုံတွေ့ရမယ်
ပူပန်နေစရာမလိုပါ ရွေးနှုတ်ပေးခဲ့ပြီ
ကရာနီ အပြစ်ကြွေး ဖြေရှင်းခဲ့သူ
ယုံကြည် ဝန်ခံသူကို ကယ်တင်နေဆဲလေ
ဝင်ပါ လှမ်းခဲ့ ငြိမ်သက်ဝမ်းမြောက်ခြင်းတွေ တွေ့ကြုံဖို့
ယုံကြည်ခြင်းနဲ့ ပုံအပ်လိုက်ပေါ့ သင့်အသက်တာတစ်ခုလုံး
နိုင်ငံတော်ဖြောင့်မတ်ခြင်းတရား ဦးစားထား၍ အသက်ရှင်ပါ
သင်လိုသောအရာ စုံလင်မှာ