တေးရေး – စိုင်းခမ်းခေါင်
VERSE 1
ကိုယ်နှင့်စပ်ဆိုင်သူကို ကိုယ်နှင့်အမျှချစ်ပါ
ဘုရားပြောခဲ့တဲ့ မိန့်မူချက်များ
နာခံဖို့ခက်ရင် ထင်ရာတွေစိုင်းရင်
ကြုံတွေ့ရပြဿနာတွေ
VERSE 2
အခက်အခဲများနဲ့ကြုံရင် အရှင်ဘုရားမစပါ
သူ့စကားကျတော့ နားမထောင်ချင်ခဲ့
ထင်ရာတွေစိုင်းရင် ကိုယ်အလိုကိုလိုက်ရင်
ကြုံတွေ့ရပြဿနာတွေ
CHORUS
သင်နှင့်ကျွန်ုပ်အသက်တာ ပြန်ဆန်းစစ်ကြည့်ပါ
အမှားသိက အခုပြင်ဆင်ပါ
အရှင်ဘုရားနဲ့မှန်ရင် လူသားနဲ့မှန်မယ်
အချိန်မနှောင်းသေးဘူး အခုပြင်ဆင်
VERSE 3
အလုပ်မဟုတ်တာကို အဟုတ်မလုပ်နဲ့
အလုပ်မရှုပ်ချင်ရင် အရှုပ်မလုပ်နဲ့
အလုပ်မဖြစ်ရင်လည်း အဖြစ်မလုပ်နဲ့
အပြောကောင်းဖို့ထက် အကောင်းပြောဖို့လိုတယ်
VERSE 4
ပြောထားသမျှ ပြန်စဉ်းစား စဉ်းစားထားသမျှ မပြောနဲ့
အလွန်ပျော်ပါ အပျော်မလွန်စေနဲ့
အမှုဆောင်ပါ အမှောင်တော့မစုနဲ့
ကိုယ်နဲ့စပ်ဆိုင်သူ ကိုယ်နဲ့အမျှချစ်တတ်ပါ
ENDING
အမှန်စကားလေးထက် သမ္မာတရားစကားပြောလိုက်ပါ