တေးရေး – စိုင်းခမ်းခေါင်
VERSE 1
ပြန်လာမည့်နေ့ရက် ကြိုတင်ကာ အသိခက်
သေချာတာ နီးကပ်လို့နေ နှလုံးသားလှိုက်ခုန်ဆဲ
ကိုယ်တော်ရှင်ပြောခဲ့ ပြန်လာမည့်နေ့အတွက်
သတိနဲ့အသင့်ရှိကြစေဖို့ အိုး
VERSE 2
ပြန်လည်ကာဆန်းစစ် မှန်အိမ်ဆီမီးခွက်
ထိုသခင်ကြွရောက်ခဲ့အချိန် အသင့်ပြင်ရှိစေကွယ်
ကိုယ်တော်ရှင်ပြောခဲ့ ပြန်လာမည့်နေ့အတွက်
သတိနဲ့အသင့်ရှိကြစေဖို့ အိုး
CHORUS
ချီဆောင်ခြင်းမှာ ဝမ်းမြောက်စွာနဲ့
ရွှေပြည်သစ်ဆီ ခရီးဆက်ချိန်
နေအိမ်လမ်းဆီ ဝမ်းမြောက်စွာနဲ့
ယာယီတဲကမ္ဘာ ထားရစ်ခဲ့
ပျော်ရွှင်ခြင်း ငြိမ်သက်ခြင်း ရင်ခုန်ခြင်းတွေနဲ့
မျက်စိတစ်မှိတ် လျှပ်တပြတ် ရင်ခုန်ခြင်းခရီးစဉ်
VERSE 3
စဉ်းစားရင်း ရင်ခုန်ခြင်းတွေအပြည့်နဲ့
ချီဆောင်ကာ သိမ်းဆည်းမယ့်နေ့ ထိုအချိန်
ဝမ်းမြောက်လို့ သီဆိုကြမယ် သီချင်းသံ
ကြွေးကြော်ကြ ကိုယ်တော်ရှင်ဘုန်းတော်
ဟာလေလုယာ ဟာလေလုယာ