တေးရေး – စိုင်းခမ်းခေါင်
VERSE 1
နှိမ့်ချတဲ့စိတ်ဓါတ်လေးထားရှိဖို့ ပြောခဲ့တဲ့ ကိုယ်တော်ရှင် ဆိုဆုံးမစကားသံ
အာရုံမှာ အထင်တွေနဲ့ အမှတ်တမဲ့လျှောက်လှမ်းလာ
ဦးနှောက်ရဲ့အသိတစ်ခုအဖြစ် လက်တွေ့တော့အချည်းနှီးဖြစ်
ဆင်ခြင်ကာ ပြင်လိုက်ဖို့ သင့်ပြီ
စာတန်ချည်နှောင်နေတဲ့ ကြိုးလေး မဖြစ်စေနဲ့
VERSE 2
တစ်ယောက်နဲ့တစ်ယောက် အမုန်းပွားလို့ မေးငေါ့ဖို့ အတင်းပြောလို့
ပြိုင်ဆိုင်ကာ ထောင်လွှားတဲ့စိတ်တွေ
ကိုယ်တော်ရှင်အမြင်မှာတော့ ဝမ်းနည်းခြင်းအမှုတွေ
ဘုရားပြောတဲ့ကျမ်းစကားအနှစ် လက်တွေ့တော့အချည်းနှီးဖြစ်
ဆင်ခြင်ကာ ပြင်လိုက်ဖို့ သင့်ပြီ
စာတန်ချည်နှောင်နေတဲ့ ကြိုးလေး မဖြစ်စေနဲ့
CHORUS
မေတ္တာသည် စိတ်ရှည်တတ်၏ မေတ္တာသည် ကျေးဇူးပြုတတ်၏
ဂုဏ်ပြိုင်ဝါကြွားခြင်းမရှိ မာနမရှိ
ဆင်ခြင်ကာ ဘုရားရှေ့မှာ လူ့ရှေ့မှာ လျောက်ပတ်စွာ အသက်ရှင်ဖို့ရန်
စည်းလုံးခြင်းနဲ့ ဘုရားရဲ့အမှုတော်ထမ်းရွက်ကြပါစို့
ကိုယ်တော်သားသမီးအစစ်အဖြစ်နဲ့ အသက်ရှင်ကွယ်