တေးရေး – စိုင်းခမ်းခေါင်
VERSE 1
အေးချမ်းတဲ့ဆောင်းရဲ့ညလယ်မှာ
ကယ်တင်ရှင်ယေရှု ဖွားမြင်ပြီ
သိမ်ငယ်စွာ နွားစားခွက်မှာ မှေးစက်ကာ
နှိမ့်ချမှုနဲ့ ဆင်းကြွလာ
VERSE 2
သိုးကျောင်းနေတဲ့ သိုးထိန်းတွေ
ဝမ်းမြောက်ဖွယ်သတင်း သိရှိချိန်
ခရီးလှမ်းပေမယ့် ကယ်တင်ရှင်ဖူးတွေ့ဖို့
အေးချမ်းမှုကြား အပြုံးတွေနဲ့
CHORUS
စောင့်မျှော်နေတဲ့ ကယ်တင်ရှင် မွေးဖွားပြီ
လက်ဆောင်ဘဏ္ဍာများ ကိုယ်တော်အတွက်ပေးလှူ
အပြစ်သားတွေအတွက် ကယ်တင်ရှင်မွေးဖွားပြီ
(လောကဝမ်းမြောက် ဘုရားရှင်ကြွလာခဲ့
ကမ္ဘာလူသား ကောင်းကင်သားများ ပြုံးပျော်)
(– လောကဝမ်းမြောက် ဘုရားကြွလာ
မြေကြီးဘုရင် ခံယူ –)၃