အခုတစ်မျိုးနောင်တစ်မျိုး-မျိုးကြီး

Record Tracklist

  1. အခုတစ်မျိုးနောင်တစ်မျိုး-မျိုးကြီး -:-- / 4:12

တေးရေး – စိုင်းခမ်းခေါင်

ဣသရေလလူမျိုး ဣသရေလလူမျိုး ဣသရေလလူမျိုး

VERSE 1
အဲဂုတ္တုပြည်ကျွန်ဘဝက ရွေးနှုတ်ခဲ့လေပြီ
အံ့သြဘွယ်နိမိတ်လက္ခဏာနဲ့ ဘုရားရဲ့တန်ခိုးတော်များ
ပင်လယ်နီနှစ်ခြမ်းကွဲခဲ့တဲ့ အဖြစ်အပျက်ကတော့
အသည်းထဲ တထိတ်ထိတ်တုန်
ချီးမွမ်းကြ ဘုန်းကြီးစေသတည်း

VERSE 2
အဲဂုတ္တုပြည့်ကျွန်ဘဝက အခုတော့ လွတ်ခဲ့ပြီ
တောင့်တမိတဲ့ရေတစ်ခွက် အခုတော့မရှိပါလား
အော်မြည်ကာ ဆဲရေးပြုခဲ့ကြ၍ အပြစ်ဟာ
ဘုရားရှေ့ ဝမ်းနည်းစရာ
ချီးမွမ်းတဲ့နှုတ်ခမ်း အခုတော့ အခုတော့ ကျိန်ဆဲ

CHORUS
— ဘုရားဖေးမစဉ် ချီးမွမ်းကြ ကခုန်မြူးကာ
စိတ်ရဲ့လိုချက် မပြည့်ဝခဲ့ရင် အော်မြည်ကြ
အိုး ဘုရားလမ်းပြ နေ့ညတိုင်းမှ
သိလျက်နဲ့ အကြိမ်ကြိမ်မှားယွင်း ရရှိမယ့်ကောင်းကြီး သူတို့လွဲပြီ
ဆင်ခြင်ကြည့် သင့်ရဲ့အသက်တာ နှလုံးသားမှာအမြဲ
ဆိုးဆိုးကောင်းကောင်း ဝန်ခံဖို့ မမေ့လိုက်ပါနဲ့
ပြင်ဆင်ထားတဲ့ ရှေ့ကဒို့အတွက် ကောင်းကြီးများတွေကို
ချီးမွမ်းလို့ အသက်တာကို လျှောက်လှမ်း