ပြန်လာချိန်ကို မျှော်လင့်ကြီးစွာ ယုံကြည်သူ စောင့်စားကြပြီ
အချိန်ကာလတို့ စေ့လုနီးပြီ အသက်ရဲ့သခင် လာရာလမ်းဆီ
မြေပြင်ပေါ်မှာ နိမိတ်များစွာ ပြန်လာချိန်ကို သတိပေးကြပြီ
မျှော်လင့်ထားသော နေ့ရက် ရှေ့မှာ ကြိုနေပြီ
ယနေ့ ယနေ့ ကြိုဆိုမျှော်လင့်စို့ ပြန်လာချိန်နီးလို့
ယနေ့ ယနေ့ ကြိုဆိုမျှော်လင့်စို့
ဝေဟင်ယံမှာ ယုံတိုင်းကို ကယ်တင်ရှင်သည် ဆုပေးလိမ့်မယ်
ချီဆောင်သိမ်းဆည်းခြင်းနေ့ရက်သည် နီး၍လာပြီ ထိုနေ့သည်
မြေပြင်ပေါ်မှာ နိမိတ်များစွာ ပြန်လာချိန်ကို သတိပေးကြပြီ
မျှော်လင့်ထားသော နေ့ရက် ရှေ့မှာ ကြိုနေပြီ