အကြံအစည် (ထူးအိမ်သင်)

Record Tracklist

  1. အကြံအစည် (ထူးအိမ်သင်) -:-- / 4:24

လူ့ရဲ့အကြံအစည် ထူးထူးပြားပြား စဉ်းစားတတ်တယ်
သို့ဖြစ်သော်လည်း ပျက်စီးခြင်းနဲ့ အချည်းနှီးပဲ
ကျွနု်ပ်တို့ အကြံအစည်တွေကို အဝေးကြီးတည်းက ဘုရားနားလည်
ဘယ်အရာကို တွေးဆနေလဲ သုံးသပ်ကြလူတွေ

မတရားသောအကြံအစည် စိတ်ပျက်ခြင်းများ မွေးဖွားတတ်တယ်
နက်လှစွာသော တူးမိတဲ့တွင်းထဲကျတတ်တယ်
မကောင်းသောအကြံအစည်တွေရယ် မိမိခေါင်းထက် ပြန်ရောက်လိမ့်မယ်
ကြမ်းတမ်းသော အမှုများစွာလည်း သက်ရောက်တတ်တယ်

ထာဝရဘုရားရဲ့အကြံအစဉ် သားစဉ်မြေးဆက် အဆုံးတိုင်တည်လိမ့်မည်
စီရင်သောအမှုတွေလည်း ကြီးမား၍ အလွန်နက်နဲလှပါတယ်

ဘုရားရဲ့အကြံအစည် အခြားတို့နဲ့ ကွဲပြားခြားနားလည်း
ဘုရားအကျင့်သည်လည်း မိုးမျက်နှာကျက်ဖြန့်ကျက်သည့်နှယ်
မြတ်မြတ်ပေတယ် သင့်ရဲ့အမှုကိုယ်တော်လက်အပ်လျှင်
(သင်ကြံစည်ထားသမျှတွေလဲ တည်ကြလိမ့်မယ်)၂