အစဉ်တောက်ပတဲ့ မျက်လုံးတွေ အစဉ်တက်ကြွတဲ့ ခွန်အားတွေ
လူငယ်လူရွယ်တွေ တာဝန်ကျေနိုင်မလား ဟေ့
အစဉ်ကြိုးစားမယ့် အခွင့်အရေးတွေ အစဉ်ကောင်းမြတ်တဲ့ စိတ်ထားတွေ
ကိုယ်တော်ရှင်ထံလည်း မျှော်လင့်ခြင်းနဲ့ တိုးဝင်မယ်
ဒီကမ္ဘာလောကမှာ ကိုယ်စီလျှောက်ခဲ့ရာ
စာတန်ဘေးမှ လွတ်မြောက်ရန် အသက်ရှင်နေထိုင်သွားစဉ်
(ကိုယ်တော်ရှင်ထံပါး ခိုလှုံရန် အမြန်သွား
ပူပင်စရာမရှိဘူးလေ မိတ်ဆွေတို့ အမြန်သွားလေ)၂
စကားတစ်ခွန်းနဲ့ ဟောကာကြားကာ
သီချင်းတစ်ပုဒ်နဲ့ သက်သေထား
လမ်းပြခဲ့ ဘဝအမှောင်ထဲမှာ
ရွေးနှုတ်ခဲ့ လူကမ္ဘာအား