ဝိညာဉ်တော်အားဖြင့် မွေးဖွားခြင်းရသူသည်
လူမမယ် ကလေးပမာ ဘဝသစ်ကို စတင်မည်
ကလေးငယ် ကျန်းမာဖွံ့ဖြိုး တိုးတက်ဖို့လိုသည်
ခရစ်ယာန်အသက်တာ ကြီးထွားရပေမည်
နှုတ်ကပတ်ကျမ်းစာ လေ့လာ ဆင်ခြင်နှလုံးသွင်းပါ
နှုတ်ကပတ်နို့ရည်စစ်ကို နေ့တိုင်း သုံးဆောင်ပါ
ဆုတောင်းခြင်း အစဉ်ပြုပါ မကြာခဏပြုပါ
စိတ်ဝိညာဉ်အတွက် အသက်ရှူခြင်းပဲ ဖြစ်ပေတာ
သင်ယူမှတ်သားမိသော နှုတ်ကပတ်တရားတွေကို
ခံယူကာအသက်ရှင် လက်တွေ့ဘဝများစွာတွင်
ဘုရားအအပေါ် ရိုးစွာ ခိုကိုး စိတ်ချအပ်နှံလျှင်
ပြည့်စုံသော ယုံခြင်းရှိရမည်ပင်
မကောင်းမှုများကို ဝေးစွာ ရှောင်ခွာ စွန့်ပစ်ပါ
မတရားသောအမှုဟူသမျှကို ရပ်ဆိုင်းရပေမှာ
သင့်ဝိညာဉ်အားနည်းစရာ ဝေဒနာပရောဂများ
မစွဲမိစေရန်အသက်တာ သန့်ရှင်းရပေမှာ
ယုံကြည်သူတို့နှင့် မပြတ် ထိတွေ့ဖို့လိုတာ
သွန်သင်မှုများကို သိုးထိန်းမှ တောင်းခံကာ
အသင်းတော်၌ ပါဝင် မိတ်ဖွဲ့၍ ပေါင်းဖော်ပါ
ကြီးရင် ကြီးဆီ ဖြတ်လမ်းမရောက်နိုင်ပါ
မိမိကိုယ်ကို စစ်ပါ အချိန်မှ စစ်ဆေးပါ
ဝိညာဉ်ကျန်းမာရေးဟာ အလွန်အရေးကြီးပေတာ
လိုက်လျှောက်ရမည်များကို သွေဖီမလိုက်ခဲ့ရင်
တိုးတက်ခြင်း နှောင့်နှေး သင် ဘေးနဲ့တွေ့မည်ပင်