စုံစမ်းခြင်းရက်ပေါင်းလေးဆယ် (ဖိုးကျော်ကျော် )

Record Tracklist

  1. စုံစမ်းခြင်းရက်ပေါင်းလေးဆယ် (ဖိုးကျော်ကျော် ) -:-- / 4:10

ဘုရားသခင်သားတော် ယေရှုသည်
ယော်ဒန်ရေမှ ဗတ္တိဇံ ခံယူပြီးလျှင်
ဝိညာဉ်တော်သည် မြိုင်ရာတောနက်ထဲသို့ဆောင်ယူ
ကိုယ်တော်ရှင်သည် ဆာလောင်မွတ်သိပ်ခြင်း ဖြစ်လာ
ကျောက်များကို မုန့်တွေဖြစ်အောင် သင့်အစွမ်းနဲ့ ဖန်ဆင်းမူလိုက်ပါ
သင်သည် ဘုရားသခင်၏ သားတော်အစစ်ဖြစ်မူလျှင်
ယေရှုကလည်း လူသားသည် မုန့်အားဖြင့် အသက်မွေးသည်မဟုတ်ပေ
နှုတ်ကပတ်တော်အားဖြင့် အသက်မွေးရမည်ဟု ကျမ်းစာလာသည်/

စုံစမ်းနှောက်ယှက်ခြင်းသည် ယေရှုကို
ယေရုရှလင်မြို့တော်သို့ ခေါ်ဆောင်သွား၍
အို ဗိမာန်တော်အထွဋ်၌ ထားပြီးကာမှ
စေတမန်တော်တွေကို သင့်အတွက် ထားရှိသည်
သင်၏ခြေကို ကျောက်များနဲ့ မထိစေ ခုန်ချမူလိုက်ပါ
သင်သည် ဘုရားသခင်၏ သားတော်အစစ်ဖြစ်မူလျှင်
ယေရှုကလည်း ပြန်၍ တဖန်မိန့်ကြားမူ သင်၏ဘုရားသခင်
ထာဝရဘုရားကို အစုံအစမ်းမပြုရဟု ကျမ်းစာလာသည်

စုံစမ်းနှောက်ယှက်ခြင်းသည် ယေရှုကို
အလွန်မြင့်လှသော တောင်ပေါ်သို့ ခေါ်သွား၍
ဒီကမ္ဘာမြေတခွင်ပေါ်မှာ ရှိသမျှ ဘုန်းစည်းစိမ်ကို
ကိုယ်တော်ရှင်ကို ညွှန်ကာပြလျက် ပြီးသောအခါ
နောက်ဆုံးအကြိမ် မာရ်နတ်သည် ယေရှုကို
ငါ့အားရှိခိုးလျှင် သင်သည် ယခုမြင်နေရ အလုံးစုံကိုပေးမူမည်
အိုအချင်းစာတန် ငါ၏နောက်သို့ဆုတ်လော့ သင်၏ဘုရားသခင်မှတပါး
အခြားခိုလှုံရာမရှိပေဟု ကျမ်းစာလာသည်

စုံစမ်းခြင်းရက်ပေါင်းလေးဆယ်
စုံစမ်းခြင်းရက်ပေါင်းလေးဆယ်
စုံစမ်းခြင်းရက်ပေါင်းလေးဆယ်
ယေရှုဘုရားအောင်မြင်ခဲ့တယ်