ကိုယ်တော်တည်ဆောက်သော ယေရုရှလင်မြို့
ကိုယ်တော်ကွယ်ကာသော ယေရုရှလင်
ကြီးမားခိုင်ခံ့သော မြို့ရိုးတွေနဲ့လေ
မြို့တစ်ဖက် ဇိအုန်တောင် တည်ရာနယ်မြေ
ကိုယ်တော်တည်ရာ ဘုရား ရွှေမြို့တော်သို့
အန္တရာယ်ရန်စွယ်များ ဝင်ရောက်လာ
ဘေးအပေါင်းကာကွယ်ထား သခင့်ဘုန်းတော်သက်သေ
မြို့ယေရုရှလင် ငြိမ်းချမ်းခဲ့ပြီ
ကိုယ်တော်တည်ထားရာမြို့
ကိုယ်တော်တည်ထားအသင်းတော်
စာတန်ဆိုး နှောက်ယှက်ဝင်ရောက်ခဲ့လည်း
ကယ်တင်ရှင်ထံတော် လိုရာခွန်အားတောင်းကာ
စာတန်၏ရန်စွယ် တွန်းလှန်နေမယ်
ကိုယ်တော်ပိုင်ဆိုင်သော ဘုံဗိမာန်တော်
ခိုလှုံသူတွေအတွက် သန့်ရှင်းရာ
မြင့်မြတ်ဌာန အသင်းတော်များစွာ
ပေးသနားခဲ့မူပြီ ကိုယ်တော်ရှင်ဘုရား
စာတန်ရန်စွယ်များ ဝင်ရောက်မလာမီ
ခံနိုင်ရည်ခွန်အား သခင်ပေးပါ
အကောင်းဆုံးပြင်ဆင်ရာ စိတ်ထားတွေနဲ့လေ
အသင်းတော်အတွက်ကို ဆက်ကပ်စို