မုသားရဲ့အရှင် အချင်းစာတန် ရန်သူတော်ကြီး ပြောသမျှတွေ
မယုံဘူးဟေ့ အမှားအယွင်းတွေ
မင်းပြောခဲ့တယ် ငါ့လိုကောင် မလိမ္မာနိုင်ကြောင်း မပြောင်းလဲကြောင်း
Born again မဖြစ်ကြောင်းကို
မင်းကောင်းကောင်း ငါ့ကို ညာတယ်
မင်းကောင်းကောင်း ငါ့ကို ညာတယ်
CHORUS
အချင်းစာတန် ငါ့နောက်သို့ဆုတ်လော့
အချင်းစာတန် ငါ့နောက်သို့ဆုတ်လော့
မုသားရဲ့အဖ လူလိမ်လူညာ / လူလိမ်လူညာကြီး
Verse 2
ယေရှုခရစ်တော် မထမြောက်ဘူး လူဟာသေလည်း ငရဲမရောက်ဘူး
မယုံဘူးဟေ့ အမှားအယွင်းတွေ
တစ်နှစ်အတွင်းပဲ နောက်ပြန်လဲကျ အရင်လိုဘဝထဲ လမ်းလွဲမယ်
အထင်သေးပြီး မင်းပြောတယ်
မင်းကောင်းကောင်း ငါ့ကို ညာတယ်
မင်းကောင်းကောင်း ငါ့ကို ညာတယ်
Verse 3
ငါ့အသက်နဲ့ ငါ့ကိုယ်ကို ကိုယ်တော်အုပ်စိုးသွားခဲ့ပြီ
အသင် ထိပါးလို့မရတော့ပြီ
အသက်ထက်ဆုံး မငြင်းပယ်ဘဲ အလိုတော်ကိုပဲ လိုက်လျှောက်မယ်
ငါဟာ ဘုရားရဲ့သားဖြစ်တယ်
မင်းကောင်းကောင်း ငါ့ကို ညာတယ်
မင်းကောင်းကောင်း ငါ့ကို ညာတယ်
မူရင်း-စောဘွဲ့မှူး (အချင်းစာတန်ငါ့နောက်သို့ဆုတ်လော့ စီးရီး၁၁/၁ မှ)