VERSE 1
ရှင်သန်ခဲ့ရ ဒို့ဘဝအသက်တာမှာ
အငိုနဲ့အပြုံးတစ်လှည့် တွေ့ကြုံမြဲ
ရှောင်ဖယ်လို့မရ လောကသစ္စာတရား
ဘယ်သူမှလည်း မလွတ်နိုင်ပါ
ရှောင်ဖယ်လို့လည်း မရနိုင်ပါ
VERSE 2
ရင်ဆိုင်ဒုက္ခများနဲ့ တွေ့စဉ်မှာ
ဘယ်ဆီ သုခ ပြေးထွက်သွား
မျှော်လင့်ခြင်းများ ကျောခိုင်းထားစဉ်မှာ
အမြင်တွေ မှုန်ဝါးဘဝအမှန်တရား
ငိုသံတွေလည်းမဆုံး သံသရာ
CHORUS
ဝမ်းနည်းခြင်း လှိုင်းလေတွေ လှုပ်ရှားသွား
တစ်ချိန်က အကြင်နာလက်များ စွန့်ပစ်ကြ
ဒါပေမယ့်လည်း ဒို့ရဲ့အနား အစဉ်ဖေးမခဲ့သူမှာ
ကယ်တင်ယေရှုခရစ်တော်ပါ
ကယ်တင်ယေရှုခရစ်တော်ပါ