VERSE 1
အိမ်အပြင်ဘက် လမ်းထွက်ချိန် နေရောင်အလင်းရောက်ရှိလာ
နေကောင်းကင် ဒီလက်ဆောင် ပျော်စရာကမ္ဘာ ဒို့အတွက်လား
အတူတူ တစ်မိုးတည်းအောက်မှာ ဝေမျှခြင်း ချစ်မေတ္တာ
ကမ္ဘာကြီးကို အတူအလှဆင် ဒို့အချစ်များ
VERSE 2
သန်းခေါင်ယံထဲ လမ်းပျောက်ချိန် ကြယ်ရောင်အလင်းရောက်ရှိလာ
ညကောင်းကင် ဒီလက်ဆောင် အမှောင်တွေ ပယ်ခွင်းဖို့လား
အတူတူ တစ်မိုးတည်းအောက်မှာ ဝေမျှခြင်း ချစ်မေတ္တာ
ကမ္ဘာကြီးကို အတူအလှဆင် ဒို့အချစ်များ
CHORUS
ဒီလယ်ကွင်းနဲ့ တောအုပ်တို့ ဖြတ်ကျော် ချစ်မေတ္တာရဲ့ သီချင်း
မြစ်ရိုးများတစ်လျှောက် လေဆန်ကျော်လွန်ရင်း
မြန်မာပြည် ပင်လယ်ရေပြင်လှိုင်းများနဲ့ မိုးစက်တွေဖြတ်လို့
ကမ္ဘာဆုံးတိုင် ဟစ်ကြွေးရင်း
VERSE 3
ပျော်ရွှင်ခြင်း သီချင်းများစွာ လေပြေထဲ ပျံ့လွင့်လာ
အိပ်မက်တွေ အတူမက်ကာ ရင်ခုန်သံ နားစွင့်ထား
ရှင်သန်ခြင်း နှစ်သစ်ကမ္ဘာ အတူလက်တွဲ ခရီးဆက်မှာ
ကမ္ဘာကြီးကို အတူအလှဆင် ဒို့အချစ်များ
ENDING
ရှင်သန်ခြင်း နှစ်သစ်ကမ္ဘာ အတူတူရင်ဆိုင် ခရီးဆက်ပါ
ဒီကမ္ဘာကြီး အလှဆင်ပါ ဒို့အချစ်များ
ဒီကမ္ဘာမြေ လှပဖို့ ဒို့အချစ်များ