နှင်းနဲ့အတူ-လားဖေါဆက်

Record Tracklist

  1. နှင်းနဲ့အတူ-လားဖေါဆက် -:-- / 4:21

VERSE 1
ဟေမာန်ဆောင်းရဲ့ နှင်းပွင့်တွေ ဖြာဆင်း
တုန်ရီချမ်းအေးမှုတွေကို
ခံယူတတ်ကြ လောကတူလူချင်း ငြိမ်းချမ်းမှုရယ် ဝေး
ပူလောင်မှုတွေ ငြိမ်းကာအေးဖို့ လောကသားကို ချစ်လေသူ
ကိုယ်တော် နှိမ့်ချခြင်း ခံယူရင်း ဖြည့်ဆည်းကာ ပေးခဲ့ပြီ

CHORUS
ဆောင်းရဲ့အေးချမ်းမှု ခံယူရင်းနဲ့ ရင်မှာ အေးချမ်းမှုမဲ့နေလား
သင့်ရဲ့နှလုံးသား နန်းမှာ အုပ်စိုးခွင့် ထိုအရှင်ကို ဝင်ခွင့်ပေးပါ
စွန်းထင်းခဲ့တဲ့ အပြစ်တွေ စင်ကြယ်ဖို့ ပူဇော်ခြင်းကို ပေးဆပ်ခဲ့
ကိုယ်တိုင် ဝင်ခွင့်ပေး ပိုင်ဆိုင်ဖို့ ငြိမ်သက်ခြင်းကို

VERSE 2
သူဖန်ဆင်းခဲ့ လောကမြေ ကမ္ဘာထက်
ကိုယ်တိုင် ဆင်းကြွခဲ့သော်လည်း
ဘယ်သူကမှ လက်သင့်မခံလေတော့ ဝမ်းနည်းရပြန်ပေါ့
လူတွေ ငြင်းပယ်စွန့်ပစ်သွားလည်း ခွင့်လွှတ်ခြင်းနဲ့ ချစ်နေခဲ့
လူကို ငြိမ်းချမ်းဖို့ ပြင်ဆင်ရင်း ထိုမေတ္တာ အတိုင်းအဆမဲ့