တေးရေး – နိုးပုမ်
VERSE 1
(ရွေးနှုတ်သခင် ကိုယ်တော်ရှင်သာလျှင်
အသက်ပေးပြီးချစ်တဲ့သူ ကျွန်ုပ်ကိုးကွယ်ရာ
ကိုယ်တော်ရှင်မှတစ်ပါး ရွေးနှုတ်ပိုင်သောဘုရားမရှိ
ကျွန်ုပ်၏ အသက်သခင်)၂
CHORUS
ကိုယ်တော်ရှင်သာ ကျွန်ုပ်၏ အသက်သခင်
သေခြင်းမှ ထမြောက်အရှင်
ကိုယ်တော်ကိုသာ အစဉ်မြဲ ချစ်တတ်စေပါ
ကိုယ်တော်ရှင်သာ အသက်သခင်
ကိုယ်တော်ရှင်သာ အုပ်စိုးသောဘုရင်
ကြီးမြတ်မူပေ အစဉ်မြဲ ဘုန်းကြီးပါစေ
VERSE 2
(ပေးဆပ်ချင်တယ် ကိုယ်တော်ရှင်ဘုရားအတွက်
အခွင့်အရေးများရှိခဲ့ရင် လည်စင်းပေးချင်တယ်
ကျေနိုင်စရာမရှိလေတော့ ချီးမွမ်းရုံပဲရှိတာပေါ့
အရှင်ဘုရား လက်ခံမှာလား)၂