တေးရေး-ကိုစုစု
VERSE 1
အကျွန်ုပ်အသက်တာထဲ စိုးရွံ့စရာတွေ့ကြုံလည်း
ဘယ်သူမှ ကျွန်ုပ်အနားမှာ မရှိရင်လည်း
သခင်ဘုရား အကျွန်ုပ်နှင့်အတူ အမြဲရှိနေ
ကျွန်ုပ်သိပြီ ဘယ်တော့မှ မစွန့်ပစ်ပါ
CHORUS
လေမုန်တိုင်းနဲ့ အမှောင်ဆုံး ဘေးရောက်ချိန်
မကြောက်နဲ့ အားပေးသံ ကြားယောင်နေ
သခင်ဘုရား၏ နှုတ်ထွက်စကား အောက်မေ့စဉ်
မစခြင်းကျေးဇူး ခံစားရပြီ
VERSE 2
ရန်သူများ ဝိုင်းရံလျက် ကဲ့ရဲ့အပြစ်တင်လည်း
အစဉ်လုံခြုံမှု အပြည့်နဲ့ သူ ပို့ဆောင်နေ
သခင်ဘုရား အကျွန်ုပ်နှင့်အတူ အမြဲရှိနေ
မကြောက်တော့ပြီ လွတ်မြောက်ခြင်း ကျွန်ုပ်အတွက်သာ