တေးရေး-ကိုစုစု
VERSE 1
နေမင်းရဲ့အလင်း မိုက်မှောင်လာကာ
ငွေလမင်းသည်လည်း အရောင်ကို မပေး
တန်ခိုးကောင်းကင် တုန်လှုပ် ကြယ်တွေကြွေရင်
ကောင်းကင်ယံ လူသားနိမိတ် ထင်ရှား
VERSE 2
လူမျိုးတို့သည်လည်း လှုပ်ရှားလာကာ
ရန်ငြိုးအပေါင်းတွေနဲ့ ပြင်ဆင်နေကြပြီ
တံပိုးမှုတ်၍ လာမည် ထိုအချိန်မှာ
မိုးတိမ်ကို စီးရင်း ကြွလာမည်
CHORUS
မြေကြီးနှင့်ကောင်းကင် မတည်သော်လည်း
သူ့စကား အစဉ်တည်လိမ့်မည်
အို ယုံကြည်သူအပေါင်း ကိုယ်တော်ထံပါး
ပြန်လည် သိမ်းဆည်းအချိန် နေ့ရက်မှာ
VERSE 3
အချိန်နာရီတိုင်း ပြင်ဆင်နေပါ
ခရစ်တော် ယေရှု တဖန် ပြန်လာလိမ့်မည်
အသင့်စောင့်လျက်နေလော့ အို လူသား
တံခါးဝတိုင်အောင် အနီးသို့ ရောက်လာပြီ