VERSE 1
နာကျင်မှုများစွာအောက်မှာ ဒဏ်ရာတွေ ရှိနှင့်နေခဲ့
မြင်နိုင်သောအလင်းရောင်များစွာ ဘယ်သူကာဆီးထား
ဝေး ဝေးလွန်းလှတဲ့ ဘဝရဲ့ရှုခင်းများ
VERSE 2
နာကျင်ခြင်းကားတိုင်လမ်းကို
သခင်ကိုယ်တိုင်လျှောက်လှမ်းခဲ့ပြီ
ကယ်တင်ခြင်းစည်းစိမ်များစွာ တိုင်တော်မှာ ထင်ရှားခဲ့ပြီပဲ
ပြောင်းလဲစွမ်းသော မေတ္တာတန်ခိုးများ
CHORUS
ဘဝမှာ လိုနေရာခရစ်တော်ရှင်ပါ
လက်ခံ ယုံကြည်စွာ မျှော်လင့်ခဲ့ရင်
စိမ်းလန်းခြင်းများ အဆုံးမဲ့တဲ့ဝိညာဉ်တွေထဲ စီးဆင်းခဲ့ပြီ
ကိုယ်တော်မေတ္တာ စမ်းချောင်းလေးလိုကွယ်