ဒီကမ္ဘာအတွက် -အီတိုး + အဒီနို

Record Tracklist

  1. ဒီကမ္ဘာအတွက် -အီတိုး + အဒီနို -:-- / 4:20

VERSE 1
ကမ္ဘာမြေလှပဖို့ ကမ္ဘာမြေငြိမ်းချမ်းဖို့
ယုံကြည်စွာ အားသစ်တို့ မွေးဖွားလိုက်တိုင်း
စိုပြေလန်းဆန်းသော/စိမ်းလန်းဆုံး ရောင်စုံကမ္ဘာကြီးထဲ
သံသရာစက်ဝိုင်းတို့ရဲ့ လှည့်ပတ်နေ့များ

VERSE 2
ကမ္ဘာမြေအသက်ဆက်ဖို့ ရှင်သန်နိုင်ဖို့အတွက်
ဘယ်ပုံဘယ်နည်းများနဲ့ စမ်းသပ်နိုင်မလဲ
လူတွေရဲ့ဦးနှောက် အရာရာကိုဆုံးဖြတ်
ဒီအချိန်နောက်ဆုံးတော့ ပျက်စီးပြီဟေ့

PRE-CHO
ဒီနေ့များ အမှောင်ညများ ဘယ်လိုနဲ့ ရှင်သန်ဦးမလဲ
ကျော်လွန်ကာ ငြိမ်းချမ်းသွားစေဖို့

CHORUS
အားတွေကို ဖြည့်စွမ်းစွမ်းပေးမယ့်သူ ဘယ်မှာရှိမလဲ
ဒဏ်ရာတွေ လူးလိမ့်ခဲ့ရတိုင်း အော်ငိုရင်း
ဘဝဒဏ်ရာများကို လူးလိမ့်ကာ ကိုယ်ခံစား
ဒဏ်ရာတွေ လူးလိမ့်ခဲ့ရလေတိုင်း
(ဖြည့်စွမ်းပေးမယ့်သူ ဘယ်မှာရှိမလဲ)