VERSE 1
ဘဝတိုက်ပွဲတွေ ဆင်နွှဲမြဲ မောပန်းခြင်းသာ မွေးဖွားခဲ့
နှောက်ယှက်မှုတွေ ကြောက်ရွံ့မလား အဆင့်ရှိလျက်နဲ့ အချစ်မရှိခဲ့
နှုတ်လို့မရပါ ဒီအဖြစ်များ စိတ်ကူးနဲ့သာ လမ်းဆုံးနေ
နှောက်ယှက်မှုတွေ အရှုံးပေးမလား လက်တွေ့ဘဝမှာ အရှုံးများလား
CHORUS
အကြိမ်ကြိမ်သာ စိတ်ရှုပ်နေဆဲ ကိုယ်တော်ကို ရှုတ်ချနေဆဲ
ဝိညာဉ်တော်အမျက်ထွက်စေတဲ့ အသက်တာ
အကြိမ်ကြိမ်သာ ထွက်ပြေးနေဆဲ ကိုယ်တော်ကိုလှည့်စားနေဆဲ
အကြိမ်ကြိမ်သာ ဆက်မှားနေဆဲ
VERSE 2
ရွေးနှုတ်ခြင်းခံလူများအတွက် ကိုယ့်ရဲ့ကားတိုင်ထမ်းရွက်ကာ
သခင့်ရဲ့ရှေ့မှာ ဒူးထောက်လျက် သခင့်အတွက် အသက်တာ ဆက်ကပ်ဖို့
နှုတ်လို့မရပါ ဒီအဖြစ်များ စိတ်ကူးနဲ့သာ လမ်းဆုံးနေ
နှောက်ယှက်မှုတွေ အရှုံးပေးမလား လက်တွေ့ဘဝမှာ အရှုံးများလား