VERSE 1
ဆုံးဖြတ်ခဲ့တဲ့ တစ်နေ့မှာ နှုတ်ဆက်ကြတဲ့ လက်ကလေးများ
ခင်မင်ရင်းနှီးအပေါင်းအသင်းများစွာ နှစ်ပါးသော မိဘများ
အစပြုခဲ့တဲ့ ခရီးမှာ ဖြတ်သန်းခဲ့နေ့ရက်များ
မျှော်လင့်ထားတဲ့အသီးအပွင့်များစွာ မျှော်လင့်ရင်း
CHORUS
တကယ်ဆိုရင် ဘဝတစ်ခုလုံး သူ့ရဲ့အတွက်သာ ဆက်ကပ်ခဲ့သူပါ
အလိုတော်ရှိသည့်အတိုင်း အစွမ်းကုန်ကြိုးစားရင်းနဲ့ ထမ်းရွက်ချင်
စေရာခရီးဆက်မယ့် လူသားဆန္ဒ
VERSE 2
ကြည်နူးရင်းချီးမွမ်းမိတယ် ဆုတောင်းပေးကြမယ်ဆိုတဲ့စကား
အိမ်ကိုတမ်းတရင်းလွမ်းလည်း မဟာစေခိုင်းချက် အောက်မေ့
သတင်းစကားလေးများပြောကာ တညွတ်သွားကြတဲ့လက်များ
ယုံကြည်ခြင်းရဲ့ အသီးအပွင့်များစွာ မျှော်ကြည့်ရင်း
BRIDGE
အမှောင်ကမ္ဘာလူသား ကမ္ဘာထဲ
အလင်းတရားရရှိရေးသာ မျှော်လင့်ရင်း
VERSE 3
ရှေ့ဆက်ရမယ့် ခရီးမှာ ရှေ့မထားရက်တဲ့ အနှောင်အဖွဲ့များ
အလိုတော်ဦးစားပေးလို့ အသက်ရှင် အသံတော်ဦးထိပ်ထားကာ
ထားရှိခဲ့တဲ့မေတ္တာ ကြေကွဲတဲ့ နှလုံးသားများ
ချည်နှောင်ခြင်းမှ လွတ်မြောက်ခြင်း ခံသူများအတွက်