ထားရစ်ခဲ့တော့-ဖိုးနီ

Record Tracklist

  1. ထားရစ်ခဲ့တော့-ဖိုးနီ -:-- / 4:15

VERSE 1
အကြင်နာလွင့်ပြယ်ချိန်လား ပြန်လာခဲ့အချိန် စောင့်စားရင်းလေ
ရင်ထဲမှာကွဲကြေ ဘာကြောင့်များလေ လူသားချင်း ရွံမုန်းကြတယ်
အငယ်ဆုံးသောကလေး ဆာငတ်သူများကို အမှုမထားကြ
ဘာမဆို ကိုယ်ပိုင်ဆိုင်ဖို့ အရေး အချိန်တွေ ပေးဆပ်နေဆဲ

VERSE 2
ကမ္ဘာဟာ အထီးကျန်ပြီလား အာဏာတစ်ခုကို အမှုထားပြီး
မာနတံခွန်ထူကြပြီး အကြင်နာကင်း စစ်မြေပြင် အို အပြင်းဆုံးမုန်တိုင်းပဲကွယ်
အဆိပ်မီးခိုးများ အသေသတ်နေဘဝမှာ အနာဆိုးများ
ဒါဟာ ကြိုတင်နိမိတ်များလား ငါလေတွးရင်းမှိုင်ငေး

CHORUS
ဒဏ်ရာအပြည့်နဲ့ နေ့ရက်များ လူ့ဘဝရဲ့ အဆုံးအဖြတ်လား
ရင်ဆိုင်ရဖို့ခက် ရင်ထဲမှာ သိပ်ကို မွန်းကြပ်လွန်တယ်
ပြန်လာတော့မယ့် သခင့်ကတိတော်များ တဖြည်းဖြည်းနဲ့
ရောက်တော့မလား ပြန်လည်သတိရမိရင် အသင့်ပြင်
သင့်စိတ်ထား လောကအရာများ ထားရစ်ခဲ့တော့

VERSE 3
ကိုယ်တော် မိုးတိမ်ကိုစီး ချီဆောင်ဖို့ရန် အချိန်နီးပြီ အလင်းကို ကြိုလင့်ကွယ်
ခရာ၊ တံပိုးမှုတ်သံတွေ စောင့်စားရင်း အသိတရားထားလေ
ရင်ဆိုင်ရမယ့်နေ့ ရွှေနန်းမှာ တို့တတွေ စံစားရန် ခိုင်မာယုံကြည်
ထိုနေ့ရက် မျှော်လင့်ရင်းနဲ့ အသက်ရှင်စို့