အချိန်တိုင်း-အယ်ဆိုး + ဘိုးလေ

Record Tracklist

  1. အချိန်တိုင်း-အယ်ဆိုး + ဘိုးလေ -:-- / 4:09

VERSE 1
ချီးမွမ်းခဲ့ဖူးတယ် သာယာလှလောကလမ်းထဲ အဆင်ပြေမှုတွေအပြည့်နဲ့ရယ်
အချိန်တိုင်း အလှအပတွေ လွန်သွား ဝေဒနာများ ထိတွေ့ရခိုက်
ငြိမ်သက်ခြင်းတွေ ကွယ်ပျောက်ပြီ

VERSE 2
ငါ့ဝိညာဉ် အထီးကျန် ဒဏ်ရာများ မွန်းကြပ်လွန်းလဲ သခင်သာနားမှာ နှစ်သိမ့်နေ
အချိန်တိုင်း ဒုက္ခအပူမဲ့သော အချိန်အခါမှ ချီးမွမ်းတတ်တဲ့
ယုံကြည်ခြင်းတွေ ပြင်ဆင်ပြီ

CHORUS
ခါးသည်းခဲ့ ကျော်လွန်နေ့ရက်များစွာ သခင်အစဉ် ပို့ဆောင်ကာ
အနှိုင်းမဲ့တဲ့ ကိုယ်တော်ရှင်ရဲ့မေတ္တာ ရင်မှာ သိမြင်လာ

VERSE 3
ချီးမွမ်းပါ အမြဲသာ သခင်သည်အနား ရှိလျှက်လမ်းပြ အမှောင်ည
အလင်းရောင် မခွဲခြားပါ အချိန်တိုင်း ဖေးမကာနေခဲ့ ကိုယ်တော်ရဲ့
ကောင်းမြတ်ခြင်းများ လူတွေတိုင်းအပေါ် လုံလောက်နေ

သခင့်ကျေးဇူးများ အချိန်တိုင်းမှာ ရေတွက်မကုန်နိုင်ပါ
ချီးမွမ်းကြ ဟာလေလုယာ ဂုဏ်တော်တေးသီကာ