VERSE 1
အပြစ်ရဲ့နွံမှ ရွေးနှုတ်ခဲ့သူ ဘုရားမြတ်ရှင်ရဲ့တစ်ဖက်သတ်မေတ္တာ
လူတွေအပေါ်မှာ အမြဲသာ ဖြူစင်ဆဲပါ
အပြစ်မရှိပေမယ့် အဖိုးအခပးကာ အပြစ်သားတွေအတွက်
အသက်စတေးသွားတာ ကရာနီမှာပြခဲ့ သက်သေပါ
CHORUS 2
ကမ္ဘာသူကမ္ဘာသား အပြစ်မှလွတ်ရန်
ကားတိုင်တော်ထက် အသွေးသွန်းလောင်းကာ
အပြစ်တွေအကုန်လုံးဆေးကြောခဲ့ပြီ လူတွေရဲ့ကိုယ်စား
ကိုယ်တော်ရှင်သာ တိုင်တော်ထက်မှ ပြင်းထန်စွာမခံစားသွားခဲ့ရင်
ဝိညာဉ်အသက် ထာဝရစိတ်မချနိုင်ဘူး
VERSE 2
ကျေးဇူးတော်ကြောင့် အပြစ်လွတ်ရပြီ ငရဲရဲ့ကျွန်မှ ကျွတ်ခဲ့ရပြီ
ကိုယ်တော်ရှင်ရဲ့ မေတ္တာတော်ကြောင့်ပဲလေ
ဒို့အစွမ်းမပါဘဲ မကြိုးစားဘဲလေ အဖိုးအခဘာမှ မပေးရဘဲလေ
ယုံကြည်ရုံနဲ့ ငရဲမှ လွတ်စေတာ
CHORUS 2
ကယ်တင်ရှင်ကို နှလုံးသားထဲမှ ဖိတ်ခေါ်အုပ်စိုးအခွင့်ပေးတဲ့အခါ
အသက်တာတစ်ခုလုံး ထိန်းချုပ်သွားမှာ အလိုတော်ဝန်ခံကာ
ဒီမြေခန္ဓာကြွေကာသွားလည်း အသက်ဝိညာဉ်ဟာ စိတ်ချရပြီ
ခရစ်တော်နဲ့အတူ အဖရဲ့နန်းတော်မှာ
VERSE 3
ကျေးဇူးတော်ကိုအမြဲချီးမွမ်းမယ် အဖရဲ့အိမ်နန်းမြန်းရတော့မယ်
ကိုယ်တော်ရှင်ရဲ့ဂရုဏာတော်ကြောင့်ပဲလေ
ချီးမွမ်းမကုန်နိုင် ကျေးဇူးတရားတွေ တွေးမိလိုက်တိုင်း ဝမ်းမြောက်မဆုံးပေ
ဂုဏ်တော်နာမ ဘုန်းကြီးမြတ်ပါစေ