တစ်ခါတစ်လေ ဝေဒနာတွေရဲ့အဖြေဟာ ကိုယ်ဘယ်မှာရှာမတွေ့တယ်
ကံကြမ္မာတွေရဲ့ ပဟေဠိပမာ တကယ်ဖြေသာစရာ ကိုယ်မတွေ့တယ်
ကြိုးစားရင်းနဲ့ ကိုယ်ရုန်းထွက် ကြမ္မာနွံထဲပိုနစ်ခဲ့
မျှော်လင့်ချက်မဲ့တဲ့ဘဝအတွက် ကိုယ့်ကို ချစ်လက်ကမ်းကြိုနေ
Praise the Lord
ခိုလှုံနိုင်စရာ ရင်မှာ ထာဝစဉ် Praise the Lord
ကိုယ်တော်ရှင်သာ ခိုကိုးရာ Praise the Lord
အခြေအေနေဘယ်လို ဘယ်ဘဝရောက်ပါစေ
အို ကိုယ်တော်တကယ်ပဲသိတယ် နေပါစေ
ဘာဆိုဘာမှ မမှုတယ် ထိုသခင်ရဲ့မေတ္တာ
(ဖြူစင်တဲ့ မေတ္တာ သူအမြဲ လက်ကမ်းလို့ကြိုနေတယ်
ထိုအရှင်ရဲ့ တုနှိုင်းမရမေတ္တာ တည်မြဲ)
တစ်ခါတစ်လေမှာ အဖော်တွေတောင် ကိုယ့်ကို
တကယ်ကို နားမလည်နိုင်ကြတယ်
ကြင်နာတာတွေ သူတို့မသိ တယူသန်လို ဝိုင်းပြီးကဲ့ရဲ့တယ်
ကြိုးစားရင်းနဲ့ အဖော်ဖက်များ တကယ်ကို ရှောင်ကာထွက်သွားတယ်
ပြန်လှည့်ကြည့်ကြဖို့ လက်အကမ်း ကိုယ့်ကို အဝေးသို့ စွန့်ပေမယ့်
တကယ် စံနမူနာယူစရာ ကိုယ့်အတွက် ကိုယ်တော်ရှင်သာရှိတယ်
ကယ်တင်ရှင်ကိုယ်တော်တောင် သူ့မှာ ခေါင်းချစရာတောင်မရှိခဲ့
ကားတိုင်ထမ်းရင်း သူလှမ်းခဲ့ ဝေဒနာခံရင်းနဲ့
ဝေဒနာအားဖြင့် အောင်မြင်ခြင်းပေးခဲ့ သူ့ရဲ့မေတ္တာပဲ