တေးရေး – စံပီး
သာယာနေတဲ့ဘဝလေးထဲမှာနေ့စဉ်
ဒါဏ်ရာတွေရယ်မရှိသေးတဲ့အချိန်
ကြုံဆုံလာတဲ့လေညှင်းလေးအတွက်
ဒီအချိန်ချီးမွမ်းတတ်ခဲ့တယ်
မြင်နိုင်ပါတယ် ဒီလောကရဲ့ အဆုံးကို
ဖော်ဆောင်နေတယ်ပုံနိမိတ်တို့နဲ့
ထင်မှတ်မထားတဲ့အဖြစ်အပျက်တွေလဲ
ရုတ်တရက်ကြုံတွေ့ချိန်
ဟိုအရင်လေညှင်းလေးအခုတော့နာကျင်စရာဖြစ်သွားခဲ့
တိုက်ခတ်တဲ့မုန်တိုင်းကြားအားလုံးပျောက်ကွယ်
အကျည်းတန်အဖြစ်ဆိုးပဲ
တခါတရံဘဝများလဲတွေ့ရမယ်သောကမုန်တိုင်းနဲ့
ဒီချိန်မှာဖေးကူမယ့်လက်များ တမ်းတဟစ်အော်ဆဲ
(ဘဝထဲ) တခါတရံမှာလေညှင်းလေးလိုပဲ
(ရုတ်တရက်) တခါတရံမှာမုန်တိုင်းလဲထန်မယ်
(အဆိုးကောင်း) တွေ့ကြုံမယ်လှမ်းလျှောက်ရတဲ့
လောကီကမ္ဘာကြီးထဲ
(သမ္မာတရား) ယုံကြည်သူအတွက် အားဆေးတစ်ခွက်ပဲ
(အမြဲတမ်း) ခိုင်မာစေတယ်သခင့်အစဉ်အမြဲ
(နှစ်သိမ့်) ဖေးမရင်းအကောင်းဆုံးသောအဖော်အနားမှာ
အစဉ်မြဲရှိတာသမ္မာကျမ်းစာ
စိတ်ပျက်အားနည်းခြင်းကြုံတဲ့အခိုက်မှာ
သင်တစ်ယောက်ထဲလို့မှတ်ထင်တုန်း
နှစ်သိမ့်ခွန်အားပေးဘဝမုန်တိုင်းကြားမှာ
သမ္မာတရားမြတ်ရှိနေတော