တေးရေး – စံပီး
(ဘာ့ကြောင့်သင်အားငယ်စိတ်တွေရှိလဲ
မတွေးနဲ့ ဒါမဖြစ်နိုင်ဘူးဆိုတဲ့အတွေးမျိုးနဲ့
ဘဝတစ်လျှောက် သခင်ပေးတဲ့ဆုကျေးဇူးတွက်
သင်စဉ်းစား စဉ်းစားမိရဲ့လား)၂
ဟုတ်တယ်မင်းပြောမှငါသတိရတယ်
ငါ့ဘဝတစ်လျှောက် စဉ်းစားကြည့်ရင်
ရခဲ့တဲ့ကောင်းကြီးကနည်းမှမနည်းပဲ
ငါမသိတဲ့အချိန်တွေမှာရောငါမတောင်းမိတဲ့
အချိန်တွေမှာပါငါ့ဘဝအတွက်လိုတာအားလုံး
သိနှင့်နေတာဘုရားမြတ်သခင်ပဲ
ဒီလိုနဲ့ဘဝတကွေ့မှာဒုက္ခနဲ့တွေ့နေရချိန်
အခြေမခိုင်ပါလဲပြိုကျမယ့်အဖြစ်မျိုးတွေ့ရချိန်
ယုံကြည်ခြင်းတွေယိမ်းယိုင်လို့ဒါဟာမဖြစ်နိုင်တော့ပါလို့
ဒီလိုအတွေးတွေဝင်လာမိချိန်
ရှောင်ခွာမပြေးပါ ငါ့ရဲ့အနား ကယ်တင်ခြင်းရဲ့လက်တစ်စုံက
အသင့်အသင့်အသင့်ရှိနေခဲ့တာ
တူတူတူတူတူတူ
တစ်ခါတစ်ရံအတွေးများအနှုတ်ရဲ့ လက္ခဏာဘက်မှာ
သေချာစဉ်းစား အဆိုးဆုံးတော့မဟုတ်သေးပါ
ယုံကြည်ခြင်း ခိုင်ခိုင်မြို့ သခင်ဘုရားရဲလက်တော်ထဲ
(ဘဝတစ်လျှောက် အသက်ရှင်နေတုန်း
ခဏလောက် စဉ်းစားလိုက်အုံးဘုရားမြတ်ပေးတဲ့ဆုကျေးဇူး
တို့အတွက်မနည်းခဲ့ပါဘူး)၂