ငြိမ်းချမ်းပါစေမေမေ-ဂရေဟမ်

Record Tracklist

  1. ငြိမ်းချမ်းပါစေမေမေ-ဂရေဟမ် -:-- / 3:25

VERSE 1
နွေးထွေးလွန်းတဲ့ အကြင်နာ ယိုဖိတ်စီးဆင်းခဲ့ပြီမို့
ကမ္ဘာမြေပေါ် ခြေစုံရပ်ကာ လူလားမြောက်ခဲ့ပြီ
အဆုံးစမဲ့တဲ့မေတ္တာ ဝေကာမျှတဲ့ မေမေ
ခါးသီးခြင်းတွေ ယူဆောင်ကာလေ ဖြေရှင်းပေးသူ

CHORUS 1
အို သူ့မေတ္တာတွေရယ် အေးမြကြည်လင်ကောင်းကင်
သူ့အကြင်နာတွေရယ် ဆပ်လို့မကုန်နိုင်တယ်
ကျေးဇူးကြီးလှတဲ့ မေမေရယ်
ကျေးဇူးကြီးလှတဲ့ မေမေ

VERSE 2
လမ်းမှားခြင်းထဲ မရောက်အောင် သွန်သင်လမ်းပြတဲ့ မေမေ
တည်တည်ငြိမ်ငြိမ် ဆင်ခြင်တွေးခေါ် ဆိုဆုံးမတတ်သူ
သားသမီးများအတွက် အစဉ်သာ သူဖြည့်ဆည်းပေးလို့နေခဲ့
ခွင့်လွှတ် စာနာ သူမောပန်းတယ် ရွှင်ပြုံးမျက်နှာ

CHORUS 2
အို ပြောလို့မကုန်နိုင်တယ် သူ့ရဲ့စေတနာများရယ်
ဘုရားမြတ်ထံတော်ဝယ် တောင်းလျှောက်နေနေခဲ့
ငြိမ်းချမ်းဝမ်းမြောက်စေ မေမေရယ်
ငြိမ်းချမ်းအေးမြစေ မေမေ

BRIDGE
သာယာပါစေ ဒီလောကမြေထဲ ချစ်သော မိခင်များ
အို ပျော်ရွှင်ပါစေ ဒီလောကမြေထဲ ချစ်သော မိခင်များ