ဘုရားသခင်ကောင်းကြီးပေးပါစေ-ဖိုးရေဗက္ကဝင်း

Record Tracklist

  1. ဘုရားသခင်ကောင်းကြီးပေးပါစေ-ဖိုးရေဗက္ကဝင်း -:-- / 5:09

VERSE 1
ဖန်ဆင်းစ အချိန်တုန်းက စိုပြေလန်းဆန်းလွန်းလှတဲ့
ကမ္ဘာကြီးဟာ နာကျည်းစွာ ညည်းတွား ရှိုက်ငိုလျက်နေ
လွန်ကျူးတဲ့ လူသားကြောင့် အရာရာပြုန်းတီးလို့နေပြီ
ဒို့ရဲ့ကမ္ဘာ ဒဏ်ရာများလွန်းနေပြီ

VERSE 2
ဖန်ဆင်းစ အချိန်တုန်းက ငြိမ်သက်ခြင်း ပြည့်ဝတဲ့ကမ္ဘာ
အချစ်မီးလျံ စစ်မီးလျံ ဟုန်းဟုန်းတောက် လောင်မြိုက်နေ
ချစ်ခြင်းအစား ဒီအမုန်းတရား နိုင်လိုမင်းထက်ပြုလေတော့
ဒို့ရဲ့ကမ္ဘာ ငြိမ်သက်ခြင်း ကင်းနေပြီ

CHORUS 1
ဟိုနေရာက ငိုရှိုက်သံ ဒီနားလေးက ညည်းတွားသံ
နားဝမှာ ကြားရတာ ရင်လေးစရာ
လူတွေရဲ့ ရန်ငြိုးတွေ ပြေငြိမ်းအေးချမ်းရစေသား
ဘုရားမြတ်ရှင် ထာဝရစဉ် အလင်းပေးမူပါ

CHORUS 2
ဒီသီချင်းဆိုရင်းနဲ့ လူသားတိုင်းအတွက် တောင်းဆုချွေ
ဘေးကင်းရာ ငြိမ်းချမ်းရာ ရှာပေးပါ
ဒီသီချင်းဆိုရင်းနဲ့ လူသားတိုင်းအတွက် တောင်းဆုချွေ
ဘုရားမြတ်ရှင် ထာဝစဉ် ကောင်းကြီးပေးပါစေ