VERSE 1
နေမင်းကြီးအလင်းရောင်ရရှိလို့ မနက်မှစကာ ညတိုင်
ငါတို့နှင့်အတူ ရှိတော်မူ အမြဲတမ်း အနားမှာ အမြဲကွယ်
ကွယ်ကာလို့ စောင့်မခြင်းရယ် ကောင်းကြီးများခံစားရင်း
အချိန်နာရီတွေတိုင်းမှာလေ ရေတွက်ရင်း ချီးမွမ်း
VERSE 2
ဝိညာဉ်တော် ငါ့ကိုလေ လမ်းပြပို့ဆောင်ပေးကာ
အရာရာစုံလင်ကာ လှပသောအရပ်သို့ ပို့ဆောင်ခဲ့ပြီး
နာမတော်အတွက်ကြောင့် အသက်ရှင်စေကာ ကျွန်ုပ်၏ ဝိညာဉ်လေးကို
ဆင်းရဲဒုက္ခထဲကနေ ကယ်တင်သော ကျေးဇူးတော်သည်
CHORUS
ကျွန်ုပ်တို့နဲ့ အမြဲတမ်းရှိသည် ကျွနု်ပ်တို့အတွက် အမြဲတမ်းရှိသည်
ထာဝစဉ်သာမပြောင်းလဲတည်တဲ့
အေမာနူအဲလ် အေမာနူအဲလ် အေမာနူအဲလ်
အေမာနူအဲလ် အေမာနူအဲလ်
VERSE 3
အရာရာကိုလေ သူစိုးစံကာ ဝမ်းမြောက်ခြင်းကိုပေးသည်
မှောင်မိုက်အမှုတို့ ဖယ်ရှားကာလေ/ မှောင်မိုက်ထူလည်း သူလေ လက်တွဲကာ
အလင်းတရားသို့သာ ပို့ဆောင်
စုံစမ်းခြင်းများထဲက အနားမှာလေ / စိမ်းလန်းတဲ့နေရာဌာနမှာလေ အားပေးလို့လက်တွဲကာ
ပျော်ရွှင်အောင်လေ သူလေ စွမ်းဆောင်
အစဉ်တည်မြဲလို့ ထာဝစဉ်ပဲ / ကိုယ်တော့်ကျေးဇူး ထာဝစဉ်ပဲ
VERSE 4
အပြစ်တရားလက်မှ ကယ်နှုတ်ယူကာ အသွေးနဲ့ဆေးကာ အပြစ်ကို
တိုင်တော်မှာ သူအသက်ပေးကာလေ ရွေးနှုတ်လို့ ကယ်တင်ခဲ့ပြီ
ဘယ်လိုပင်နေ အသက်ရှင်စဉ် ငရဲထဲသို့ ရောက်မသွားအောင်
သွန်သင်ကာလေ သူညွှန်နေတယ် ကိုယ်တော်ကျေးဇူး ထာဝစဉ်ပဲ
VERSE 5
ဝိညာဉ်တော်သည် ကျွန်ုပ်ရဲ့အနား မခွဲတမ်းပဲ သူရှိ
ထာဝစဉ်သာ သူရှိနေတယ် မပြောင်းလဲအမြဲပါပဲ
ငိုယိုကာလေ သောကများက ဒို့ရဲ့ရင်မှာခံမိ
ကူညီကာလေ သူဖြေရှင်းတယ် အတူလက်တွဲလို့ ထာဝစဉ်ပဲ
အပြစ်တရားလက်မှ ကယ်နှုတ်ယူကာ အသွေးနဲ့ဆေးကာ အပြစ်ကို
တိုင်တော်မှာ အသက်ပေးပြန်တယ် ကြွခဲ့ပြီ
အကြင်နာတွေဟာ နှိုင်းတုမရပါ ဒို့ရဲ့အပြစ်တွေအစား အသေခံရှာ သူ့ခမျာ
ကိုယ်တော့်ကျေးဇူး အို အစဉ်သာ ချီးမွမ်း
No comments: