Verse-1
တစ်ခါတလေ လူတွေ တွေးတောကြံစည်ခြင်းဟာ
တပ်မက်ခြင်းနဲ့ အတ္တစိတ်တွေများတယ်
ကိုယ့်ရဲ့အစွမ်းကိုအားကိုး ဖြစ်ချင်တာတွေကို ရှေ့ရှု
လောဘထား ဒီအကြောင်းအရာများဟာ အလိုတော်နဲ့ဆန့်ကျင်တယ်
ဒီအရာတွေများဟာ ကိုယ်တော်နဲ့ ဝေးစေတယ်
VERSE 2
အမှန်တကယ် ပြန်လည်စဉ်းစား ဆင်ခြင်ကြည့်ပါ
ရိုးသား ကြိုးစားမှုနဲ့ စွမ်းဆောင်မရပါ
ဘုရားလက်တော်ထဲမှာ လွတ်တဲ့အရာတွေ မရှိပါ ရှုမြင်ပါ
ဂုဏ်စည်းစိမ်များစွာ ဘုရားရဲ့လက်တော်ထဲ
ရွှေငွေနဲ့ ဥစ္စာ ကိုယ်တော်ပဲ ပေးပိုင်တယ်
CHORUS
အလိုတော်အတိုင်း အသက်ရှင်ခြင်းများ ရှိသမျှနဲ့ ရောင့်ရဲခြင်းများဟာ
အမှန်တကယ် ငြိမ်သက်ချမ်းသာခြင်း အစစ်ပါ
မှန်သောစည်းစိမ်ဆိုတာ ခရစ်တော်ယေရှုပါ
ထိုသခင်သာ ထာဝရ ပြည့်စုံရာ