တေးရး – ပါသဲ
VERSE 1
မွေးဖွားခြင်းမှစ၍ ယနေ့ထက်ထိတိုင်ကွယ်
ကွယ်ကာစောင်မပေးသနားခဲ့ပြီပဲ
ပျော်ရွှင်အသက်တာနဲ့လေ ကျေးဇူးတော် မရေတွက်နိုင်
အစဉ်သာ ငြိမ်းချမ်းခဲ့လေပြီ
VERSE 2
ရက်မှ လသို့ ပို့ဆောင် လမှ နှစ်သို့ချီ
ဉာဏ်ပညာပေး ဘေးများကင်းစေပြီ
ပျော်ရွှင်အသက်တာနဲ့လေ တရွေ့ရွေ့သာကုန်ဆုံးပြီ
ဂုဏ်တော် ချီးမွမ်းသီချင်းဆိုမယ်
CHORUS
ကျေးဇူးတော် ချီးမွမ်းရင်းလေ
မနက်ဖြန်အတွက် တွေးဖို့ မပူတော့
ချီးမွမ်းခြင်းနဲ့အသက်တာ ဆက်ကပ်ရင်းနဲ့ ရှေ့သို့ဆက်မယ်
ဂုဏ်တော် ချီးမွမ်းသီချင်းဆိုမယ်