VERSE 1
အသက်ပုံပေးကာ တကယ် အချစ်ကြီးမားလွန်းသူ
ကားတိုင်ထက်မှာ အသက်စတေးပြီးသွားပြီးခဲ့သူ
သူ့လိုမေတ္တာရှင်တစ်ဦးအတွက်ကို ဘာပြန်ပြီး ပေးဖို့အတွက် ပြင်ဆင်လဲ
VERSE 2
ကိုယ့်စိတ်တိုင်း စေရာသွားပြီး သူ့မေတ္တာ
မေ့နေပြီး ထင်ရာစိုင်း လှမ်းသွားခဲ့ကြတယ်
သူ့လိုမေတ္တာရှင်အတွက် မေ့ကာနေပြီလားလေ
CHORUS
အသက်ရှင်ချိန်လေး လူ့ဘ၀ ခဏမှာ အငွေ့လိုပါပဲလေ ပျောက်တတ်တာ
ဝိညာဉ်ထွက်ခွာ ကြွင်းကျန်သော ကိုယ်ခန္ဓာလည်း ပျက်သုန်းမှာ ဧကန်မလွဲ
အသက်ရှင်ချိန်များ ခဏလေးထဲမှာ သူ့ကို ဘာများ ပေးဆပ်ဖို့ကို
အခုလေများ အမှန်ကန်ဆုံး အသင့်တော်ဆုံးအချိန် အရွယ်မို့ပါ
VERSE 3
စားစရာ ဝတ်စရာတွေအတွက် လုံးပန်းလို့နေ
ဝိညာဉ်ရေးကို ပြန်ပြီး သတိရဖို့ကောင်းတယ်
သူ့လိုမေတ္တာရှင်တစ်ဦးအတွက်ကို ဘာပြန်ပြီး ပေးဖို့အတွက် ပြင်ဆင်လဲ
VERSE 4
စိတ်ပင်ပန်းစရာကို တွေးဆွေးလွန်းလည်းလေ
အမောမပြေ ပြောနေလို့လည်း အချည်းနှီးပဲ ဖြစ်မယ်
နောက်မကျသေးခင်မှာ သူ့အတွက်ကို ပြင်ဆင်သင့်ပြီ