VERSE 1
ကိုယ်တော်ရှင်သာ ဘဝခရီး အကောင်းဆုံး ပို့ဆောင်နိုင်တာ
အလင်းတရားထဲက သွားလာပါ
ကိုယ်တော်သာ အလင်းပေးလမ်းပြတဲ့ အရှင်ဘုရား
အမှောင်ထုထဲ ကိုယ်တော်မပါဘဲ လျှောက်ရင် မလွယ်
VERSE 2
အန္တရာယ်ရန်စွယ်အသွယ်သွယ် မာရ်နတ်ရဲ့ ပရိယာယ်တွေလည်း
အလင်းမရှိဘဲနဲ့ လျှောက်ရင် မလွယ်
မြင်နိုင်စရာ တို့ရဲ့ မျက်စိ ဝိညာဉ်လည်း
သမ္မာတရား မှန်အိမ်ကိုတော့ အမြဲဆောင်ထား
CHORUS
ကြုံလာမယ့် အတိုက်အခိုက် အတားအဆီးအတွက်
ဝမ်းနည်းစိတ်ပျက်မှုအတွက် လက်လျှော့လိုက်ဖို့ မဆုံးဖြတ်စေချင်တယ်
ခွန်အားသစ်များနဲ့ ဘုရားရှင် ကူညီကာလမ်းပြမည် သမ္မာတရားအသင့်ရှိနေပြီ
ယုံကြည်စွာ အလင်းတရား လမ်းပြမှုမှာ စိတ်ချလက်ချသွားပါ
ဝမ်းမြောက်ခြင်းများ တွေ့ကြုံရမှာ
ခွန်အားသစ်များနဲ့ ဘုရားရှင် ငြိမ်သက်ခြင်းပေး
အမှောင်နယ်မှ အောင်မြင်စွာ ရုန်းထွက်ခဲ့နိုင်စေပြီ
No comments: