တေးရေး- စောရူဘီ
Vs-1
ကျဥ်းသောလမ်းဆို အလွယ်တကူပါမလျှောက်ရဲခဲ့
လွတ်လပ်မှုရဲ့အတွင်းနက်နက်တစ်နေရာ
မွေ့ပျော် ခံစားမှုများလွင့်မျောကာ
မွေးဖွားခဲ့ရလောကအဓိပ္ပါယ်မဲ့
ဟိုအကျင့်ဟောင်းလေးကိုချိုးနှိမ်လို့
အဖဘုရားရှေ့မှာလှမ်းခဲ့ပြီ
Vs-2
အကျိုးအမြတ်တစ်ဖက်မှာ ဘာကိုအမျှော်လင့်ဆုံး
ငါ့အတွက်ငါ့ဘဝအရေး စိုးမိုးနေလား
ဝေးစွာဖြတ်သန်းမိတဲ့အခါ
လောကကြီးထဲအဖိုးအခမဲ့နေလား
ဟိုအကျင့်ဟောင်းလေးကိုချိုးနှိမ်လို့
အဖဘုရားရှေ့မှာလှမ်းခဲ့ပြီ
Cho:
ကျော်လွန်အချိန်တွေ စိတ်ကူးဟောင်း
ရင်မှာထင်ကျန်ဆဲ အိပ်မက်အလား
ဟိုအရင်အခါခါက ငါရင်ခုန်ခြင်းများ
သခင့်အတွက်ပါ သခင့်အတွက်ဖြစ်စေပြီ