တေးရေး-စောဝီးလ်ဖရက်
V-1
အိုစိမ်းလန်းတဲ့ ပြာရီမှိုင်းညှို့တောင်တန်း
အဖဘုရားအံ့ဩဖွယ်လက်ရာ
ဖြူစင်ရိုးသားစွာ တောင်ပေါ်သွေးချင်းတွေအများ
ခန္ဓာအရေး ရုန်းကန်ကြရရှာ
V-2
ယာတဲကအပြန် အလွန်ပန်းလွန်းသော်လည်း
ခိုနားမှေးစက်ချိန်မရနိုင်
ဆာလောင်မွတ်သိပ်ဒါဏ် ရင်မှာကြိတ်မိတ်ခံရင်း
အိမ်မှုအရေး ဖေးကူကြရပြန်
Cho:
ကြင်နာခြင်းဂရုဏာမျက်လုံးရှိရင်လေ
ဆင်းရဲသူတွေကို ပေးကမ်းကျွေးမွေးပါ
ကြင်နာခြင်းဂရုဏာမျက်လုံးလေးတွေနဲ့
ချို့တဲ့သူကို ပေးကမ်းမျှဝေပါ
V-3
ခေါင်မိုးကမလုံ ကျူထရံက ကြဲလေတော့
လေမိုးအငြိုးဖိစီးနေ
တုန်ရီချမ်းလွန်းလို့ နေထိုင်မကောင်းဖြစ်ပြန်တော့
ကယ်သူအဝေးအခက်ကြုံရလို့နေ
V-4
နက်ရှိုင်းလွန်းတဲ့ တောင်ခြေအောက်ချောင်းငယ်က
ရေကြည်တစ်ပေါက်ခပ်ဖို့ ဝန်လေးစရာ
ထာဝရအသက်ရေ လိုချင်တမ်းတသော်လည်း
ရှာလေဝေး ဘဝနစ်မွန်းရရှာ
Last Cho:
ကြင်နာခြင်းဂရုဏာမျက်လုံးရှိရင်လေ
ဆင်းရဲသူတွေကို ပေးကမ်းကျွေးမွေးပါ
ကြင်နာခြင်းဂရုဏာမျက်လုံးလေးတွေနဲ့
ငတ်မွတ်သူကို ပေးကမ်းမျှဝေပါ
ကြင်နာခြင်းဂရုဏာမျက်လုံးရှိရင်လေ
ဆင်းရဲသူတွေကို ပေးကမ်းကျွေးမွေးပါ
ကြင်နာခြင်းဂရုဏာမျက်လုံးလေးတွေနဲ့
ငတ်မွတ်သူကို ကြည့်ရှုပေးဝေပါ
ဆင်းရဲသူကိုပေးကမ်းမျှဝေပါ
ချို့တဲ့သူတွေကိုပြုစုပေးဝေပါ