တေးရေး-စံပီး
VERSE
ဆာလောင်သူအတွက် အေးမြတဲ့ ရေကြည်တစ်စက်ပေးလိုက်လေ
မေတ္တာနဲ့ ချစ်လိုက်လေ
ဒဏ်ရာ စိတ်သောကနဲ့ ဝေဒနာ ခံစားခဲ့ရသူ
ဖေးကူလို့ နှစ်သိမ့်ပေး
PRE-CHO
ကြုံလာမယ့် အသက်တာမှာ ဆုံလာတဲ့ ဘဝတွေကို
ကူညီကာဖေးကူရင်း တွဲကူစို့
CHORUS
ဝမ်းနည်းလို့နေ ကမ္ဘာကြီးထဲ
စိတ်ပျက်တဲ့ လူတွေအများအတွက်
အတူလက်တွဲလို့ အားကူမယ်
ပေးမျှလိုက်ပါ ဒီအချစ်နဲ့ ဖေးမလိုက်ပါ လူတိုင်းအတွက်
အကြင်နာကမ်းလက် လှမ်းနေမယ်
BRIDGE
ငြိမ်းချမ်းမှုဝေးကွာတဲ့ လူသားများနဲ့ ဟောဒီကမ္ဘာရယ်
လိုနေသူဖေးမလိုက်ပါ လူသားတွေချင်းပဲ
ဒုက္ခနဲ့မျက်ရည်တွေလည် ကူညီသူကင်းမဲ့လို့နေသူကို မေတ္တာလက်နဲ့