သတိရလိုက်ပါ – မျိုးကြီး

Record Tracklist

  1. သတိရလိုက်ပါ – မျိုးကြီး -:-- / 4:15

တေးရေး- အောင်းလာ

VERSE 1
မျက်လုံးများဖွင့်မိတိုင်း အရာရာမြင်တွေ့ခွင့်ရလိုက်တိုင်း
ကျေးဇူးတော်များကို သတိရလိုက်ပါ
နှုတ်ခမ်းများဖွင့်လိုက်တိုင်း စကားလုံးများရွတ်လိုက်တိုင်း
ကျေးဇူးတော်များကို သတိရလိုက်ပါ

VERSE 2
နားများစွင့်မိတိုင်း အရာရာကို ကြားခွင့်ရလိုက်တိုင်း
ကျေးဇူးတော်များကို သတိရလိုက်ပါ
ရင်ခုန်သံတစ်ချက်လောက်ခုန်မိတိုင်း အသက်တစ်အောင့်ရှူလိုက်တိုင်း
ကျေးဇူးတော်များကို သတိရလိုက်ပါ

PRE-CHO
သခင်ကောင်းကြီးများ ရေတွက်လို့မဆုံးနိုင်ဘူး

CHORUS
ကြိုတင်မသိခဲ့အရာအားလုံး သခင်ဘုရားသာဖန်ဆင်းလို့
ဘယ်သူများမှ မသိနိုင်တဲ့ လျှို့ဝှက်ချက်တွေ
နေမိုးအောက်အသက်ရှင်တုန်း နောင်တအပူပင်မရှိလို့
သခင်နဲ့တစ်စက္ကန့်တောင် ဝေးလို့မဖြစ်ဘူး
တကယ်ဝေးသွားလို့မဖြစ်ဘူး

VERSE 3
လမ်းဖြတ်ကူးမိတိုင်း လိုရာခြေတစ်လှမ်းနင်းလျှောက်လိုက်တိုင်း
ကျေးဇူးတော်များကို သတိရလိုက်ပါ
လက်အုပ်ချီလိုက်တိုင်း အရာရာကိုင်ဆုပ်ခွင့်ရလိုက်တိုင်း
ကျေးဇူးတော်များကို သတိရလိုက်ပါ