တေးရး – ဘရန်အောင်
VERSE 1:
ဒို့အားလုံးအတွက် ဒီလို နှစ်သစ်လေးကို
ဝမ်းမြောက်စွာ ကြိုဆိုကြမယ်
မင်္ဂလာနေ့မြတ်အဖြစ် ဒီလိုနှစ်သစ်လေးကို
ဒို့ဘဝအတွက် ကြိုဆိုလို့ရယ်
CHORUS:
အပေါင်းအသင်းများတို့ နှစ်သစ်ပျော်ရွှင်စွာ
ဂုဏ်တော်ကို သီကျူးကြမယ်
ဒီလိုနှစ်သစ်လေးတစ်ခုမှာ ညီညာစွာ
ပါဝင်ကာ ဆင်နွှဲကြမယ်
VERSE 2:
ဒို့များရဲ့ အတိတ်အပြစ်တွေအားလုံးလည်း
ဘုရားမြတ်ရှေ့ ဝန်ခံလို့ရယ်
လာမယ့်နှစ်သစ်ရက်မြတ်လေးမှာ ပျော်ရွှင်စွာ
ဒို့ဘဝကို ပြင်ဆင်ကြမယ်