အစေခံလမ်း – ကဗျာဘွဲ့မှူး

Record Tracklist

  1. အစေခံလမ်း – ကဗျာဘွဲ့မှူး -:-- / 3:44

တေးရး – ဆူးလေး

VERSE 1:
အစေခံလမ်းလေး လျှောက်မယ်လေ
အန္တရာယ်တောင်တန်းတွေ ကျော်ဖြတ်မယ်
စာတန်ဘယ်လို တားဆီးဖြတ်ပါစေ
ခိုင်မာသော စိတ်ဓါတ်တွေနဲ့

VERSE 2:
မှောင်မိုက်သော လောကအလယ်မှာ
အဆင်မပြေတာတွေ ကြုံတွေ့မယ်
အောင်မြင်ခြင်းအတွက် တစ်ခုတော့ပေးဆပ်မယ်
ယုံကြည်ခြင်းနဲ့ ဆက်လှမ်းမယ်

CHORUS:
စာတန်ဘယ်လို ဘယ်ပုံမျိုး
စုံစမ်းနှောက်ယှက်ခြင်းမျိုးတွေ
နောင်တတရားများရှိဖို့ရာ
ကယ်တင်ခြင်းအကြောင်း ဖြန့်ဝေမယ်
နိုင်ငံတော်သည် တည်လုပြီ
အစေခံလမ်းလေး လျှောက်လှမ်းမယ်

VERSE 3:
နာကျင်ညှင်းဆဲခြင်းတွေလည်း
တစ်ခါတစ်လေတော့လေ ကြုံတွေ့မယ်
ဘယ်လိုအခြေအနေမျိုးပေါ့ ရောက်ရှိပါစေ
ယုံကြည်ခြင်းနဲ့ လျှောက်လှမ်းမယ်