တေးရေး – အင်ဗျဲမ်းလေး
VERSE 1
ကိုယ်တော်နဲ့ခွဲသွားဖို့ ကျွနု်ပ်မှာ သတ္တိမရှိတော့ဘူး
ဘယ်အချိန်မဆို ဘယ်နေရာမဆို ဘယ်လိုအခြေအနေရှိပါစေ
ကိုယ်တော်နဲ့ဝေးရမယ့်အဖြစ်မျိုး အို
စိတ်ကူးထဲတောင်မရှိတော့ဘူး နွေးထွေးမှုတွေ အပြည့်ရှိတယ်
ရင်ခွင်တော်ထဲမှာ အမြဲတစေ လုံခြုံစိတ်ချစွာနဲ့
VERSE 2
မမြင်နိုင်တဲ့စွမ်းအားတစ်ခု စဝင်ရောက်ရှိခဲ့လို့
ဒီကမ္ဘာရဲ့ မှောင်မိုက်ထဲ လူတွေအလယ်မှာ အလင်းဖြစ်စေ
ကိုယ်တော်ရဲ့ရွေးကောက် ခွဲခန့်ခြင်း အို
ပီတိဝမ်းသာဆို့မျက်ရည် မှားယွင်းမှုတွေအတိကင်းတဲ့
အကြံအစည်တော်ထဲမှာ အမြဲတစေ အရာရာချီးမွမ်းကာလေ
CHORUS 1
သခင့်ရဲ့မေတ္တာ ဝဲဂယက်ထဲက ရုန်းမထွက်နိုင်တော့ဘူး
သခင့်ရဲ့သစ္စာလက်တော်ထဲက ပြေးမထွက်နိုင်တော့ဘူး
သခင့်ရဲ့အချစ်ဟာ ကျွနု်ပ်နှလုံးသားလေးကို/ကျွနု်ပ်ဘဝရဲ့အားအင်တွေ
လှပစေ အူး
ENDING
သခင့်ရဲ့မေတ္တာပိုက်ကွန်ထဲက ဖောက်မထွက်နိုင်တော့ဘူး
သခင့်ရဲ့သစ္စာရဲတိုက်ထဲက တစ်ဖဝါးမှ မခွါတော့ဘူး
သခင့်ရဲ့အချစ်ဟာ ကျွနု်ပ်နှလုံးသားလေးကို လှပစေ
အူး..