မွေးနေ့ဒေသနာ – အားဆီ

Record Tracklist

  1. မွေးနေ့ဒေသနာ – အားဆီ -:-- / 2:55

VERSE 1
ကိုယ်တော်ရှင်ပေးသနားသော ဒီမွေးနေ့
တန်ဖိုးထားလို့ ထိန်းသိမ်းပါ
ရေစုန် ရေဆန် ခရီးစဉ်လောကထဲ
ဒီမွေးနေ့လေးနဲ့ စတင်လာ

VERSE 2
ပျော်ရွှင်စရာများလည်းပဲ ကြုံတွေ့ခဲ့
ကြေကွဲဝမ်းနည်းခြင်းလည်း တွေ့ကြုံမယ်
ရှင်သန်လေရာ ဘဝရဲ့ နေ့ရက်တိုင်း
ဖြတ်သန်းသွားရတဲ့ အချိန်များ

CHORUS
မွေးနေ့ရှင်ရယ် သတိရလိုက်ပါ
ကိုယ်တော်ရှင်သာ အကောင်းဆုံးသော ဘဝရဲ့အဖော်မွန်
မွေးနေ့ရှင်ရယ် ဘဝတစ်လျှောက်လုံးမှာ
ကိုယ်တော်ရှင်နဲ့ သွားလာပါ