VERSE 1
ဒို့ရဲ့အနားမှာ အမြဲလိုပဲကွယ် ခိုးမယ် သတ်မယ် ဖျက်ဆီးဖို့အတွက်
မာရ်နတ်ဟာရှိတယ် သတိတွေထားကွယ်
နှုတ်ကပတ်တရားကို မြဲမြဲစွဲကိုင် ရှေ့အသက်တာခရီးအတွက် လိုတယ်
(ယခုဘဝနဲ့ နောက်ဘဝအတွက် စိတ်ချစရာ လမ်းခရီး သမ္မာတရားမြတ်
အလင်းပေးမယ် အသက်လမ်းအတွက် စိုးရွံ့စရာ လုံးဝမရှိပါ
ဘုရားလက် ပုံအပ်လိုက်)
CHORUS
မခမ်းခြောက်တဲ့ အသက်ရေ ပေးလို့နေတယ်
ယုံကြည်စွာတောင်းလျှောက်တိုင်းသူအတွက်
အသက်မုန့်လည်း ခရစ်တော်တစ်ပါးတည်းပါကွယ်
သမ္မာတရားအားဖြင့် အရာအားလုံးပြည့်စုံ(ပြီ)
VERSE 2
သင့်ခြေရှေ့မှာ မီးခွက်လေးလို လမ်းပြပေးမယ် အမြဲတမ်းပဲ
အမိုက်မှောင်ဖုံးတဲ့ လောကကြီးအလယ် ခလုတ်တွေတိုက်ကာ ဆူးမငြိဖို့
သမ္မာတရားမြတ် အစဉ်အမြဲပဲ ရှိတယ်
BRIDGE
အားလုံးအတွက် လောကအတွက် သမ္မာတရားသာ အသက်ပါပဲ
သင့်ဘဝအတွက် လမ်းပြမယ့် သမ္မာတရား