လွတ်စေမည်

Record Tracklist

  1. လွတ်စေမည် -:-- / 4:57

VERSE 1
ငါတို့အပြစ်နဲ့ ဝမ်းနည်းခြင်းများ ခံရန် မိတ်ဆွေယေရှုရှိ
ဆုတောင်းခြင်းဖြင့် ထံတော်ချဉ်းကပ်ခွင့်သည် အံ့ဘွယ်ဖြစ်ပေ၏
ငြိမ်သက်ခြင်းကို ကြိမ်ဖန်စွန့်ပစ် မခံသင့်ဝန်ထမ်းခဲ့ပြီ
ကိုယ်တော်ထံတွင် ဆုတောင်းခြင်းဖြင့် မယူဆောင်ခြင်းကြောင့် ဖြစ်သည်

VERSE 2
ငါတို့တွင် စုံစမ်းနှောက်ယှက်ခြင်း ဆင်းရဲဒုက္ခရှိသလား
ဘယ်ခါမှ စိတ်မပျက်စေရန် ဆုတောင်းလျက် ထံတော်ချဉ်းပါ
ဝမ်းနည်ခြင်းမျိုးခံ မိတ်ဆွေလို သစ္စာရှိသူတွေ့မည်လား
ငါတို့အားနည်းခြင်း ယေရှုသိ ဆုတောင်းလျက် ထံတော်ချဉ်းပါ

CHORUS
သင့်ရဲ့ဒုက္ခများနဲ့ ငိုကြွေးခြင်းတွေ အားလုံး
သခင်ဘုရားရှေ့မှာ ချလိုက် လွတ်စေမည်

VERSE 3
ပင်ပန်းလှစွာ ဝန်ထုပ်လေး၍ အားနည်းလျက်ရှိကြသလား
ကယ်တင်ရှင် မှီခိုရာဖြစ်ပေ ဆုတောင်းလျက် ထံတော်ချဉ်းပါ
မိတ်ဆွေများ ရွံ့ရှာစွန့်ပစ်လျှင် ဆုတောင်းလျက် ထံတော်ချဉ်းပါ
လက်တော်ဖြင့် ကွယ်ကာစောင်မမည် ထိုမှ နှစ်သိမ့်ရာကိုရှာ