တေးရေး-စောဝီးလ်ဖရက်
အမိုက်မှောင်ဖုံးသော လောကကြီးထဲမှာ
ဘယ်ဆီ ဘယ်ဝယ် ဘယ်ကို ရောက်နေ
အမိုက်မှောင်ဖုံးသော လောကကြီးထဲမှာ
မှောင်လွန်းပြီးရင်း မိုက်မှောင်ဆဲ
ဓန ငွေကြေးနဲ့ လောဘ မှိုင်းကြောင့်လား
ပညာ ဂုဏ်အရှိန် တိမ်တွေကြောင့်လား
ဒို့မာနနဲ့ ဒေါသ မှိုင်းကြောင့်လား
အလင်းတန်းလေး ပျောက်ကွယ်ဆဲ
မနာလို မုန်းတီး တိုက်ခိုက် ရက်စက်ခြင်းများ ကြီးထွားနေဆဲ
မျှတမှုတရားများ ကင်းဝေးနေ
ဒါဟာ အကျိုးနဲ့ ငါဆွေ ငါ့လူ ငါ့တူတွေအတွက်
ဘယ်သူ သေ သေ ငတေမာရင်ပြီးရော
ဒီလို ခပ်ညံ့ညံ့အတွေးအခေါ် ရှက်ဖို့ကောင်းတယ်
ကူးစက်တတ်တယ် ဒီလို ရောဂါ
ဒီလို ခပ်ညံ့ညံ့အတွေးအခေါ် တိုက်ဖျက်ရမယ်
လောကအမိုက်မှောင်တွေကို ဖြိုခွင်း
အမိုက်မှောင်ဖုံးသော လောကကြီးထဲမှာ
ဘယ်ဆီ ဘယ်ဝယ် ဘယ်ကို ရောက်နေ
ဝိညာဉ်စက္ခုအလင်းကွယ်သွားခဲ့ရင်
ရူပါရုံကို ဒို့ မမြင်နိုင်