VERSE 1
အမှောင်ကို ဇွတ်တိုးရင်း လမ်းမှားကိုလျှောက်ကာ
မျက်ရည်များကြားများ မောဟိုက်ပင်ပန်းလွန်းစွာ
ဒါကို ပြင်ဆင်ပါ ဆင်ခြင်စဉ်းစားယူပါ
ကိုယ်တော်ရှင်ထံ ချဉ်းကပ်တိုးဝင်ပါ
VERSE 2
အဖြေကိုရှာရင်းနဲ့ လမ်းစပျောက်ဆုံးရင်
ဘုရားရှင်မြတ်ရှေ့မှာ ဒူးထောက်ဝန်ချလိုက်ပါ
ယုံကြည်စိတ်ထားရင်း မမြင်နိုင်တဲ့ ခရီးလမ်းမှာ
ကိုယ်တော်ကို လက်တွဲလို့ လျှောက်နိုင်စေ
CHORUS
အားငယ်သူအားပေးလိုက်ပါ
ညှိုးငယ်သူနှစ်သိမ့်လိုက်ပါ
ယေရှုဘုရားရှင်မြတ်ရဲ့အလိုတိုင်း (ယေရှုရှင်)
လူသားတိုင်းကို ဘုရားမေတ္တာပေးလိုက်ပါ
(လူသားတိုင်းကို ပေးလိုက်ပါ)
ကိုယ်ချင်းစာတရားရှိနိုင်ရင် လူလူချင်းမချစ်နိုင်စိတ်များ
ရင်မှာပျောက်ဆုံးကာ ဝေးလွင့်လို့သွားမယ်
(ပျောက်ဆုံးကာ ဝေးသွားမယ်)
ဒါဟာ အလှတရား အသိစိတ်လေးပါကွယ်
VERSE 3
တကယ်ဆို ဒီလောက လူ့ဘဝရဲ့ခရီးဟာ
ခဏတာလေးအသက်ရှင် ခဏနဲ့ ကွယ်ပျောက်လို့နေ
အမှန်ကိုရှာရင်းနဲ့ သေချာတဲ့လမ်းကိုရှာ
ကိုယ်တော်ရှင်သာ ဘဝရဲ့အသက်သခင်ပါ