ကြီးမြတ်လှသော (စည်သူလွင်)

Record Tracklist

  1. ကြီးမြတ်လှသော (စည်သူလွင်) -:-- / 3:52

VERSE 1
ကိုယ်တော်ဖန်ဆင်း လောကအလှကမ္ဘာ
စိတ်လှုပ်ရှား အံ့သြဘွယ်လက်ရာ
ရောင်စုံတိမ်တိုက် ကောင်းကင် မိုးကြိုးသံ
တန်ခိုးနဲ့သက်သေ တည်မြဲခြင်း

VERSE 2
သာယာရှုခင်း ကျေးငှက်တေးသံ
ချီးမွမ်းခြင်းများနှင့် သီချင်းဆို
လေပြေလေညှင်းလေးတွေ ပြေးဆော့ကာ
စမ်းချောင်းလေးတွေ လှုပ်ရှားသွား

CHORUS
အို ငါ့ဝိညာဉ် ကိုယ်တော့်အား ချီးမွမ်း
ကြီးမြတ်လှသည့်အကြောင်းကို
အို ငါ့ဝိညာဉ် ဘုရားရှင်မြတ်ကို ချီးမွမ်းပါ
ကြီးမြတ်လှသည့်အကြောင်းကို

VERSE 3
ကိုယ်တော်ဘုရား လောကသားကို
ချစ်သောကြောင့် အသက်ကို စွန့်ကာ
တိုင်တော်တွင် အပြစ်ရဲ့ဒဏ်ပေးဆပ်ကာ
အသွေးနဲ့ဆေးကာ ဖြေလွှတ်သွား

VERSE 4
ကိုယ်စိတ်နှလုံး သုံးပါးပြည့်စုံ
ဘုန်းတန်ခိုးနဲ့ ကြွလာသောအခါ
ပျော်ရွှင်ကြည်နူးနှိမ့်ချသောစိတ်နှင့်
ချီးမွမ်းကြ ဟာလေလုယာ